Saturday, December 28, 2013

ခံစားပွင့် ကြွေ

 

ပင်ဘုံနန်းမှာ နေရပေမင့် 
မဝေတော့ ချင်သမို့  ကြွေလိုက်ချင်ပြီ သခင်။

သခင့် ရင်ပြင်မှာ
ဟိုဟိုဒီဒီ ဖြန့် ကြဲကာပြလိုက်ချင်ရဲ့ 
ရင်တွင်းကစကား ပွင့် ကြွေတွေဆင့် ဆင့် ကြွေရင်း
သခင်မြင်လျှင်ဖြင့် 
အသည်းဇကာကွက်နဲ့  သခင့် အတွက်နှင်းဆက်ခဲ့ ချင်တယ်။

အသျှင်ရေ...
သခင်လို့ အကျွန်ခေါ်ရင်း
သခင်အလိုမကျလျှင်ဖြင့်  နင်းလိုက နင်း
ချေလိုက ချေလိုက်ပါ၊
အလိုကျလျှင်တော့ 
သခင်ဆင်မြန်း မနွမ်းသေးခင်ပေါ့ ။

ဝေစဉ်ခဏ
ကြွေအစဉ်ထာဝရဘဝမှာမို့ 
သခင့် အတွက် စောလျှင်စွာကြွေရလျှင်လည်း
နောင်ဘဝမှာ အကြွေဘဝပဲ ဆုတောင်းခဲ့ ချင်တယ်။          ။

                                                                          လင်းသူရိယနွယ်။    

                   
 

Wednesday, December 18, 2013

အိပ်မက် တစ္ဆေ


အချစ် အမုန်း
မျက်လုံးကြားမှ အသံမထွက်
ငြိမ်သက်နေလည်း.......။

နေဝင်စ
မှိုင်းပျတောင်တန်း
ရှူ့ ဖွယ်လှမ်းရင်း
လွမ်းမည် ကြံတုန်း မှောင်အတိဖုံးချိန်......။

ကြွေစ ခရေများ
မြေပေါ်ဝဲစဉ် ရင်ပြင်ပေါ်၌
ရှိုက်သံလဲ့ လဲ့  သဲ့ သဲ့ ကြားမိ
ဘယ်သူရှိမည်လဲ ဝေခွဲမရ
တွေ ဝေ စဉ်........။

ချစ်သူအနား
ဖဝါးမကွာ နေခဲ့ စဉ်က
မှာတမ်းစကား ကြားပါမည်လား
တစ္ဆေဘဝမှ ချစ်သူဆီ။             ။

                                         လင်းသူရိယနွယ် 






Friday, November 29, 2013

" လ " ကိုမျှော်တဲ့  ညရထား


တစ်နေဝင်
တစ်မိုးချူပ် ဂျူံးဂျူံးခုတ်ကာ
တစ်တောဝင်တစ်တောင်ထွက်
ညက်ညက်ခုတ်မောင်း သူ့ မျဉ်းကြောင်းမှာ
သူ ကြောင်းတစ်မျှ ရပ်မနားပဲ
လမ်းဆုံးဘူတာ ခရီးနှင်ဆဲ။

ဘူတာစဉ်တစ်လျှောက်
တစ်ထောက်နားစဉ် ခရီးနှင်မည့် 
အဆင်းမဲ့ သူ အချင်းမဲ့ သူ
လူ သူမရွှေး ဖော်ရွှေရွှင်ပြ
လို တ ခရီ:ခေါ်ဆောင်ရင်းဖြင့် 
ရှေ့ သို့ နှင်ဆဲ။

တစ်ချို့  တစ်ထောက်ခရီး
သူ မငြီးပဲ ရပ်ကာ တင်ချ
ဘူတာများနှင့်  ရင်းနှီးစဉ်ဝယ်
ခရီးမသွင် နှေးသည် မြင်ကြ
အပြစ်မြင်ကြဖြင့် ဤခရီးကိုလူသူအများ ငြီးငြူကြပြီ။

ငါ၏နား၌
အာရုဏ်မစိုက် လားရာလမ်းဆုံး
မျဉ်းပြိုင်ပခုံးမှာ ရှေ့ သာလျှောက်ရင်း
မျှော်လင့် ခြင်းဖြင့်  ည အမှောင်ဖက်လည်း
လ ရောင်ကိုမျှော်ငေးရင်း
လေညှင်းကလေးထဲမှာ လျှောက်သွားမယ်။         ။

                                                              လင်းသူရိယနွယ်


Thursday, November 28, 2013

နှင်းကိုခွင်းမယ့်  နှလုံးသားပေါ်က မြှားတစ်စင်း

နှင်း.....
မင်း လာလမ်းကလေးမှာ
ငွေဝတ်ရုံလွှာနဲ့ လွှမ်းခြုံဝင်ရောက်
တံခါးခေါက်ချိန်........။

နှင်း....
လေပြေညှင်းထဲ
ရနံ့ သင်းတဲ့ ပင်မြင့် စံနန်း
တော်ဝင်ပန်းကို နမ်းရှိုက်ပြီးမှ.......။

နှင်း ....
နံနက်ခင်းထဲ ဝေခွဲမရ
မှုန်ပျပျမှာ

မင်း အလိုကျ
နေပြရင်းနဲ့ 
လာရာလမ်းကလေး
လွမ်း တမ်းတပါစ။

ဝါးတားတားနေ့ စွဲထဲ
မင်းနဲ့ ငါ နှစ်ယောက်ခြားမှာ
မင်းဟာ  နှင်းဖြစ်ပြီး
ငါကမြှားတစ်စင်းသာဖြစ်ရင်
နှလုံးသားနဲ့ ရင်းပြီး
နံနက်ခင်းပေါင်းများစွာထဲက
ဆွဲထုတ်သွားချင်ပြီ နှင်းရေ။

ဒါပေမယ့် 
မင်းဟာ နှင်းဖြစ်ပေမယ့် 
ငါ့ ကို နှလုံးသားမဲ့ မြှားတစ်စင်းလို့ ဆိုရင်လည်း
ရင်အပူလောင်မြှိုက်ခံစားရင်း
ဒီဘဝမှာတော့ 
နှင်းရယ်.....
ဝေးကြရပြီပေါ့ ။             

ဒီတော့ ......
နှလုံးသားအဖွဲ့ အနွဲ့ ထဲမှာ
နှစ်ယောက်တစ်ကမ္ဘာ မခြားရလေအောင်
ကဲ .....မြှားတော်ကို ပစ်ကာခွင်းမယ်
မင်းနဲ့ ငါ
ထာဝရပေါင်းစပ်ရပြီပေါ့ ။                 ။


                                                  လင်းသူရိယနွယ် 
                                  










Saturday, November 23, 2013

ချယ်ရီမြေအတွက် တစ်ခန်းရပ်ပြဇာတ်တစ်ပုဒ်


ကောင်းကင်ကမှိုင်းပြန်တော့ 
ငယ်စိတ်ကယိမ်းယိုင် ဒယီးဒယိုင်
အတွေးတွေငေးငိုင်ပေါ့ 
စိတ်ကိုသာ ခိုင် ခိုင်ထားရတယ်
လာလမ်းဆီက ပန်းမြိုင်လယ် ဥယျာဉ်ဆီကို
ဘယ်အခါ မေ့ ရနိုင်မည်ပါ့ ။

လွမ်းသလား
ပန်းဖျားက ပျားတစ်ကောင်အသွင်နဲ့ 
နန်း ဆံပင်ဖားဖားဖားလေးမှာ
လမ်းသလားရင်း ချစ်ခွန်းတွေဆိုချင်သေးတာပေါ့ ။

နွမ်းနေရော့ မလား
စိန်ပန်းတွေ လှိုင်လှိုင်ပွင့် နေမယ့် 
ယခုချိန်ကာလမျိုးမှာ
တီတီတာတာငှက်မောင်နှံလေးတွေကို
နန်းရယ်.....
မင်းနဲ့ ငါနှစ်ယောက်
ငေးမောရင်း ခပ်လှမ်းလှမ်းဆီက
ဆင်သေတောင်တန်းကြီးအောက်
ငုတ်လျှိုးပျောက်ကွယ်တော့ မယ့် 
နေမင်းကြီးကို တိုင်တည်ရင်း
နေ့ အသစ်ရဲ့ နံနက်ခင်းကို
အကောင်းဆုံးမျှော်လင့် ခြင်းတွေ မွေးဖွါးပေးဖို့ 
တိုင်တည်ခဲ့ ဖူးကြတယ် နော်
ကိုယ်တော့  နွမ်းတယ် လွမ်းတယ် နန်းရယ်။

နန်းရယ်.....
အလွမ်းကို တံတားခင်းရင်
မိုင်တွေ ရှည်လျားလိမ့် မယ် ထင်တယ်။
 ဒီလိုပဲ......
အလွမ်းတွေကို ဝေဒနာဖွဲ့ ရင်
စာမျက်နှာပေါင်း ထောင်သောင်းမက
အခန်းဆက်တွေနဲ့ 
စာဖတ်သူတွေကို နှိပ်စက်သလိုဖြစ်နေရော့ မယ်။

အိပ်မရခဲ့ တဲ့ ညတွေမှာ
ရယ်စရာအနှောတွေနဲ့ 
တစ်ထောင့် တစ်ညပုံပြင်ထက်
ရှည်ကြာလွန်းတဲ့ ရောက်တတ်ရာရာ
ဘဝအမောတွေပြောရင်း
အာရုဏ်ဦးအလင်းထဲ ဆွဲသွင်း
မင်းနဲ့ ငါ
အမ်ပီတီကွန်နက်ရှင်ကို
နှိပ်စက်ရင်း ညများစွာကိုနံနက်ခင်းနဲ့ လဲလှယ်ခဲ့ ဖူးကြတယ်နော်။

ကောင်းကင်ပေါ်စိတ်ကူးနဲ့ လျှောက်တဲ့ ည
မင်း သတိရအုံးမယ်ဆိုရင်
 " လ "ကို တိမ်ဖုံးတဲ့ တစ်ည
အဲ့ ဒီညက တန်ဆောင်မုန်းလပြည့် ညဖြစ်ခဲ့ ဖူးတယ်ကွဲ့ ။
" လ " ကို တိမ်ဖုံးချိန်
မင်းနဲ့ ငါ အတူကြည့် ရင်း
"လ"ကို တူနှစ်ကိုယ်ရှာဖူးခဲ့ တယ်နော်၊
ပြီးတော့ .....
ရေးရေးနဲ့ နှေးနှေး
ဖြည်းဖြည်းချင်း " လ "ခပ်ပျပျမှာ
မင်းနဲ့ ငါ သာယာခဲ့ သလို
ည ကမ္ဘာတစ်ခုလုံးဟာလည်း
သာယာခဲ့ ဖူးပါတယ်နော်။

လွမ်းလည်းလွမ်းရသလို
နွမ်းလည်း နွမ်းရပါပြီကွယ်။
ဒါပေမယ့် ..... နန်း
အိမ်အပြန် လမ်းမှာတော့ 
စိန်ပန်းတွေလည်းမြိုင်
ချယ်ရီ ခိုင်တွေလည်း လှိုင်နေပေမယ့် 
နှစ်တစ်ရာ ပြက္ခဒိန်မှာ
မင်းကတော့  ရိပ်သာခရီး
ငါ့ မှာတော့  သောကမြေးတွေနဲ့ 
ရယ်စရာ တစ်ခန်းရပ် ပြဇါတ်တစ်ပုဒ်ထဲမှာ
ကဲ ..ဇါတ်ဆရာရေ...
ကန့် လန့် ကာလေးကိုချ။           ။


                                                 လင်းသူရိယနွယ် 





 








Saturday, November 2, 2013

မျဉ်းပြိုင်များရဲ့  ပန်းတိုင်




ငါ့  ပခုံးနှစ်ဖက်ပေါ်မှာ
တစ်လှုပ်လှုပ်ပဲ ရုန်းရုန်း
တစ်စိမ့် စိမ့် ပဲ လှိမ့် လှိမ့် 
မမောမပမ်း မနားစတမ်းပဲ ပြေးပြေး
အနာတရ သွေးစိမ်းတွေလူးနေပေမယ့် 
ငါ့ တုန်လှုပ်မှုတွေ ကင်းမဲ့ ခဲ့ ။

အစမှ အဆုံး
ရှေ့ ဆုံးကခုတ်မောင်း
နောက်တွဲများအဆုံး
တစ်ဂျူံးဂျူံး အသံအဆုံးမှာ
ငါ အံ တင်းခံရင်း
မင်းပန်းတိုင်ဘူတာရောက်ရင်တော့ 
ဥသြေသံရှည်ကလေး ငါ့ ကိုပေးပါလေ။

ရွာစဉ်ဘူတာငယ်ကလေးတွေအဖြတ်
လမ်းမှာရပ်လို့  ငိုနေတဲ့ ခရီးသွားသူများကိုတွေ့ တဲ့ အခါ
မင်း ရပ်ပြီး ခေါ်ဆောင်သွားပေးပါ။

တောစဉ် တောင်တန်းတွေကိုအဖြတ်
ညနက်တဲ့ အခါ လဝန်းကြီးကို မင်းတွေ့ ရင်
သူ့ ကိုပါ အဖေါ်ခေါ်လို့ 
ကြယ်စင်ကလေးတွေလိုက်လာရင်လည်း
လိုက်ပလေ့ စေပေါ့ 
ငြိမ်းချမ်းရေးဆိုတဲ့ ဘူတာလမ်းဆုံးရောက်ပြီဆိုရင်
သွေးစိမ်းတွေလူးကျံနေတဲ့ 
ငါ့ လက်မောင်းတွေ ကျိုးကြေနေပါစေ
ငါ တာဝန်ကျေပြီမို့  ငါ ကျေနပ်တယ်။    ။

                                                  လင်းသူရိယနွယ်

Saturday, October 26, 2013

ငါးရိုး နင်တဲ့ ည


စင်္ကာပူရဲ့  ည
လ နဲ့  သိပ်သာယာလှတာပဲ သူငယ်ချင်းတို့ ရယ်။

လ နဲ့  အပြိုင် စိန် နဲ့ မြ လိုက်ဖက်တဲ့ ဧည့် ခံပွဲမှာ
ဘီယာ အရက် အမြည်း ကြက်၊ငါး အသီးအရွက်
တွဲဘက်တွေထဲ ငါ စီးမျောရင်း..........။

အဖေနဲ့  သား ရေမြေခြားမှ
ငါ့ သား မျက်နှာ
ငါ့ သား စားချင်ရာ
ငါ့ သားဝန်းကျင်တစ်ဝိုက်
ထမင်းချိုင့် ဟင်းဗလာထဲ
ငါးကလေး တစ်ဖဲ့ မြန်း
စိတ်မှန်းကျွေးရင်း
အင်း ..ငါ ငါးရိုးနင်ပြီ။

မကြာခဏ
နားဝက အဘ
အဘများလည်း ငါသို့  ပင်လျှင် ရှိမည် ထင်၏။
အဘများလည်း ငါသို့ ပင်လျှင် သိစိတ်များလည်း ရှိစေသောဝ်။     ။

                                                                                 လင်းသူရိယနွယ်




                                                                    

Tuesday, October 15, 2013

လ ရယ် သာသာ


 လ ရယ် သာသာ



ညအခါ
လသာသာ
ကစားမလား နားမလား ဆိုတဲ့ ကဗျာကလေး
ဘယ်မေ့ အုံးပါ့ မလဲကွာ။

နှစ်သုံးဆယ်ကျော်ပေမယ့် 
မပြောင်းမလည်း မဟောင်းနွမ်းဆဲနဲ့ 
ဆယ်အလီတွေပြောင်းသည့် တိုင်......။

ဘယ်လိုပြောမလဲ
ပြောရင်လည်း မောမှာပဲလေ။

ဒီစတိုင်နဲ့  .....
ယိုင်နဲ့ နဲ့  အိမ်အိုမှာဖြင့် 
ဒေါက်တိုင်တွေ  မြိုင်သော်လည်းပဲ
အမိုး ဖယိုဖရဲအောက်မှာ
ညအခါ
လသာသာ ကစားမလား
နားမလား ဆိုတဲ့ ကဗျာကဖြင့် .................။

                                                       လင်းသူရိယနွယ်။    

Sunday, September 8, 2013

ဧရာဝတီအတွက်ရေးတဲ့  ပြဇာတ်တစ်ပုဒ်





ကမ ၻာမွာ ......
သဘာဝအလွေတြနဲ ့
သစ်ခွရဲ့  သဘာဝ စိမ့် မြိုင်တောတောင်တွေရဲ့ အလှ
ရေအောက် ကမ္ဘာရဲ့ အလှ
အခပေးစနစ်နဲ့ ပြစားနေတဲ့ ခေတ်ယဉ်ကျေးမှု ထဲမှာ
မြန်မာဆိုတဲ့ တို့ တိုင်းပြည်ကို ငေးမျှော်ကြည့် မိခဲ့ တယ်။

သဘာဝအလှတရားတို့ ရဲ့  ပြကွက်
လုပ်ယူစရာမလိုတဲ့  တို့ နိုင်ငံမှာ
တောင်တန်းနဲ့ ပြည်မ သူ့ အလှနဲ့  သူရှိသကွဲ့ ။

အညာမြေဆီက ထန်းတော
အမောပြေလောက်အောင် တောင်တန်းဖျော့ ဖျော့ ကလေး
နှောထားတဲ့  ပန်းချီကားလေးတစ်ချပ်
မင်း မြင်ဖူးမှာပေါ့ ။

အညာမြေဆိုပေမယ့် 
ဧရာဝတီအသွေးအသားနဲ့ 
ရပ်တည်မှု ခြေတစ်စုံပေါ်မှာ
သဘာဝနဲ့  ဘဝတွေအတွက် ပေးဆပ်ထားတယ်။

တောင်တန်းနဲ့ ပြည်မ
မင်း ခြေဆန့် ကြည့် မယ်ဆိုလျှင်
သူ့ အသွေးအသားတွေနဲ့ တည်ဆောက်
ဧရာဝတီမှသည် မြစ်ဆုံဆီအထိ။

အလှဗေဒ၊ဘဝသုခတွေအတွက်
သူ့ လက်နှစ်ဖက်ကိုဆန့် တဲ့ အခါ....
ခြေနှစ်ဖက်ကို ဆန့် တဲ့ အခါ....
မင်း ....အဖြေရှာကြည့် မယ်ဆိုလျှင်
လေညင်းလေးထဲမှာ
သူဟာ တို့ ရဲ့  ကဗျာပါ။

အဘိုးက စ တို့ မြေးသားအဆုံး
တို့ အားလုံးရဲ့  ဧရာဝတီဟာ
ကမ္ဘာမှာ သဘာဝနဲ့ ကြီးပြင်းရင်း
တို့ အတွက် ရိက္ခာတွေထုတ်ပိုးပေးခဲ့ တယ်။
သဘာဝ သယံဇာတတွေ ပေးမြဲပေးနေခဲ့ တယ်။

အလှတရားတွေနဲ့ 
ကမ္ဘာမှာ ဧရာဝတီကို လူတိုင်းသိပေမယ့် 
တစ်ခါတစ်ခါ ခုတ်ပိုင်းပစ်ချင်တဲ့ 
စိတ်ရိုင်းဝင်သူတွေရဲ့ 
ဓါး လှံ လက်နက်တွေထဲမှာ
ဧရာဝတီရယ်
မင်း ..မင်း ကျဆုံးသွားမှဖြင့် 
ဧရာဝတီပုံပြင်ရယ်လို့ 
ငါ့ သား ငါ့ မြေးတွေကို
ငါ မပြောပြပါရစေနဲ့ ။             ။       


                                            လင်းသူရိယနွယ်
                                         










ဧရာဝတီ မသိသော ကျွန်တော် ငတုံး။


ဧရာဝတီ မသိသော ကျွန်တော် ငတုံး။

ဧရာဝတီမြစ် ကို ကျွန်တော်သိပါသည်။
ထို့ အတူ ဧရာဝတီတိုင်း ကိုလည်း ကျွန်တော် သိသည်သာ မက နေထိုင်ခဲ့ ဖူးပါသည်။
ဧရာဝတီ၏ အလှ တရားတို့ ကိုလည်း ရှု့ မြင်ခံစားခဲ့ ရဖူးသည်မှာလည်း တစ်ခါမက ။

ဥပမာ အလှတရားတစ်ခု ၊ ဧရာဝတီ၏မြစ်ကမ်းနဘေးတွင် ကြည်ညိုဖွယ်ရာ ညနေဆည်း
ဆာထဲတွင်   ဗူးဘုရားစေတီတော်ရဲ့  ပန်းချီကားတစ်ချပ်၊များမြှောင်လှသောအလှတရား
များကို တစ်ကွက်ခြင်းဆီ ပုံဖေါ်ပြောလျှင်ကား ပြောလို့ ပင်ကုန်မည် မထင်။ဤသည်ကား
အလှတရားအကြောင်းအရာများပင်တည်း။

ဧရာဝတီမြစ်ရေကိုသောက်၊ဧရာဝတီမြစ်ကို မှီကာ အသက်မွေးဝမ်းကြောင်းပြုနေကြသည့် 
မြို့ ရွာများ၊အဘေး၊အဘိုး၊အဖိုး၊အဖွါးကစ ယနေ့ ယခုအချိန်အထိ။

ဧရာဝတီပျောက်ဆုံးတော့ မည်လား။
သန်းပေါင်းများစွာသော သူတို့ ၏ အသက်ကိုသတ်ခြင်းထက် ဧရာဝတီကို သတ်လိုခြင်းက၊
"ဘုရား ..ဘုရား "အိပ်မက်ဆိုးပင် ဖြစ်ပါစေတော့ ။

ရှေးရှေးသောကတည်းက တည်ရှိခဲ့ သော ဧရာဝတီ၊ဒီမင်း လက်ထက်ကာမှပျက်သုန်းတော့ မည်
လား။မမွေးမဖွါးရသေးသော အနာဂါတ်ရင်သွေးငယ်တို့ အထိ သတ်လိုခြင်းနှင့် တူပေတော့ မည်။

ဧရာဝတီကို မသတ်ခင် ကျွန်တော် တစ်ခုလောက် မေးစမ်းချင်မိပါသေးသည်။ဧရာဝတီကို မည်သူ
က မွေးဖွါးခဲ့ ၍မည်သူက ဧရာဝတီဟု  အမည်နာမ ပေးခဲ့ ပါသနည်း။ ထိုအဖြေကလေးကျွန်တော့် 
ကို ပေးပြီးပါက ဧရာဝတီကို ငဲ့ ညာသတ်မိန့် မှ လွတ်ငြိမ်းခွင့် ပေး၍ ဧရာဝတီကို မသိခဲ့ သော ကျွန်
တော့် ကိုသာ သတ်လိုက သတ်ပါ။ဧရာဝတီကိုတော့  လွတ်ငြိမ်းချမ်းသာခွင့် ပြုပါ ခင်ဗျာ။      ။

                                                                                  လင်းသူရိယနွယ်။      

 


Thursday, September 5, 2013

ကြိုး

ချည် တစ်ခါ
ဖြေ တလှည့် 
သူ လျှော့ လိုလျှင် လျော့ 
သူ တင်းလိုပြန်တော့  .......။

သူ့  အလိုလိုက်
သူ့ အကြိုက်ပေမို့ 
ဒီဘဝမှာတော့ 
မဖြေသာ ကြိုးတစ်ချောင်းအဖြစ်နဲ့ 
အင်း ...မင်း အလိုကြ
ငါ  နားခိုပါရစေတော့ ။           ။

                                             လင်းသူရိယနွယ်
                                             စင်္ကာပူနိုင်ငံ