Sunday, September 8, 2013

ဧရာဝတီ မသိသော ကျွန်တော် ငတုံး။


ဧရာဝတီ မသိသော ကျွန်တော် ငတုံး။

ဧရာဝတီမြစ် ကို ကျွန်တော်သိပါသည်။
ထို့ အတူ ဧရာဝတီတိုင်း ကိုလည်း ကျွန်တော် သိသည်သာ မက နေထိုင်ခဲ့ ဖူးပါသည်။
ဧရာဝတီ၏ အလှ တရားတို့ ကိုလည်း ရှု့ မြင်ခံစားခဲ့ ရဖူးသည်မှာလည်း တစ်ခါမက ။

ဥပမာ အလှတရားတစ်ခု ၊ ဧရာဝတီ၏မြစ်ကမ်းနဘေးတွင် ကြည်ညိုဖွယ်ရာ ညနေဆည်း
ဆာထဲတွင်   ဗူးဘုရားစေတီတော်ရဲ့  ပန်းချီကားတစ်ချပ်၊များမြှောင်လှသောအလှတရား
များကို တစ်ကွက်ခြင်းဆီ ပုံဖေါ်ပြောလျှင်ကား ပြောလို့ ပင်ကုန်မည် မထင်။ဤသည်ကား
အလှတရားအကြောင်းအရာများပင်တည်း။

ဧရာဝတီမြစ်ရေကိုသောက်၊ဧရာဝတီမြစ်ကို မှီကာ အသက်မွေးဝမ်းကြောင်းပြုနေကြသည့် 
မြို့ ရွာများ၊အဘေး၊အဘိုး၊အဖိုး၊အဖွါးကစ ယနေ့ ယခုအချိန်အထိ။

ဧရာဝတီပျောက်ဆုံးတော့ မည်လား။
သန်းပေါင်းများစွာသော သူတို့ ၏ အသက်ကိုသတ်ခြင်းထက် ဧရာဝတီကို သတ်လိုခြင်းက၊
"ဘုရား ..ဘုရား "အိပ်မက်ဆိုးပင် ဖြစ်ပါစေတော့ ။

ရှေးရှေးသောကတည်းက တည်ရှိခဲ့ သော ဧရာဝတီ၊ဒီမင်း လက်ထက်ကာမှပျက်သုန်းတော့ မည်
လား။မမွေးမဖွါးရသေးသော အနာဂါတ်ရင်သွေးငယ်တို့ အထိ သတ်လိုခြင်းနှင့် တူပေတော့ မည်။

ဧရာဝတီကို မသတ်ခင် ကျွန်တော် တစ်ခုလောက် မေးစမ်းချင်မိပါသေးသည်။ဧရာဝတီကို မည်သူ
က မွေးဖွါးခဲ့ ၍မည်သူက ဧရာဝတီဟု  အမည်နာမ ပေးခဲ့ ပါသနည်း။ ထိုအဖြေကလေးကျွန်တော့် 
ကို ပေးပြီးပါက ဧရာဝတီကို ငဲ့ ညာသတ်မိန့် မှ လွတ်ငြိမ်းခွင့် ပေး၍ ဧရာဝတီကို မသိခဲ့ သော ကျွန်
တော့် ကိုသာ သတ်လိုက သတ်ပါ။ဧရာဝတီကိုတော့  လွတ်ငြိမ်းချမ်းသာခွင့် ပြုပါ ခင်ဗျာ။      ။

                                                                                  လင်းသူရိယနွယ်။      

 


No comments: