Saturday, January 11, 2014

နုတ်ဆက်ခဲ့ပြီ။



ပင့် ကူအိမ်ဖွဲ့ နေတဲ့ 
မှန်ကူကွက် အိမ်ကလေးကို
ကဗျာရေးတဲ့  လက်နဲ့  ငါ ဖျက်ခဲ့ ဖူးပြီ။

နှင်းရည်သောက်ဆဲ
ပွင့် အန်စနှင်းဆီကို အာရုဏ်ဦးမှာ
တစ်လွှာချင်းချေဖျက် ငါ ရက်စက်ခဲ့ ဖူးပြီ။

တိမ်ပန်းချီဖွဲ့ နေတဲ့ 
အပြာရောင်ကောင်းကင်ကို
မှောင်အတိဖုံးသွားအောင်
အနက်ရောင်ဆေးကြမ်းတွေနဲ့ 
ငါ ခပ်နာနာ ရေးဆွဲခဲ့ ဖူးပြီ။

အပျက်အပျက်တွေနဲ့ 
ရက်စက်ခဲ့ တဲ့ နေ့ တွေအတွက်
ငါ ဘာ ဘယ်လို ပေးဆပ်ရမလဲ။

အကောင်းဆုံးကတော့ 
ကဗျာရေးတဲ့ လက်နဲ့  အဖြူရောင်စက္ကူပေါ်မှာ
အပြာရောင်စုတ်ချက်နဲ့  ငါ ကဗျာထဲက ထွက်သွားဖို့ ပါ။

                                                                  လင်းသူရိယနွယ်။

Saturday, January 4, 2014

သူနှင့် အတူ.....

ဖျပ်ကနဲ  ကြွေ
စွယ်တော်ရွက်ရေ......
ရော်ကာနွမ်းသမို့  ခြွေလေသည်လား။

မြောက်ပြန်လေ မနှောက်သည်ပဲနှင့် 
လွမ်းနေခြည် ပြိုးပြောက်ပြောက်အောက်မှာ
ဝေဒနာ ညှာတံ ဒဏ်သင့် ပြီမို့  ကြွေလေပြီလား။

နှစ်လွှာမှာ တစ်ရွက်
တစ်ရွက်ကြွေလျှင် နှစ်လွှာပါစမြဲမို့ 
မြေခကြရပြီဆိုပါလျှင်လည်း
မင်းနှင့် ငါ  အတူတူပါပဲလေ။

ည လရောင်အောက်မှာ
ကောင်းကင်ရသတွေကို ခံစားရင်း
ရင်ခုန်ခဲ့ ဖူးတာ မင်း မမေ့ နိုင်သေးပါဘူးနော်၊
အာရုဏ်နံနက်ခင်း
နှင်းဖြူဖြူဖွေးဖွေးလေးတွေကို ပွေ့ ဖက်စော့ ကစားရင်း
နှစ်လွှာတစ်ရွက် ပေါင်းဖက်ရှင်သန်ခဲ့ တာ
မင်းမှတ်မိမှာပါကွယ်။

ဝေနေအတူတူ ဘဝ
ခွဲခွါရလျှင်လည်း  ကြွေအတူ မြေခဘဝမှာလည်း
လေနှင့် အတူ ဖုန်ထူပါစေအုံးတော့ 
မခွဲမခွါလွင့်မျောကာ နေပါရစေ   ချစ်တဲ့ သူရေ.......။             ။

                                                                              လင်းသူရိယနွယ်။