Tuesday, May 27, 2014
ဆန္ဒနဲ့ ဘဝများ ထပ်တူကျ ကြပါစေသတည်း။
ပအို့ ဝ်နီနီကလေးရေ.......
တစ်ခဏလေးမှ တကယ့် တစ်ခဏလေးမှာ
ဟော့ ဒီ့ တောင်တန်းပြာကြီးဟာ
နီးနီးကလေးကနေ
ပိုပို နီးနီးလာသလိုနဲ့ 
မနီးတစ်နီးဖြစ်ချိန်မှာပဲ နေရာရွှေ့ သွားရပြန်ပြီ။
အဲ့ သလိုပါပဲ
ပအို့ ဝ်နီနီကလေးရေ.........
တိတ်တိတ်ကလေးနဲ့ တစ်ရိပ်ရိပ်လိုက်ပါနေသလိုနဲ့ 
ဟော့ ဟိုးက ပင်ပျို မောင်နှံဟာလည်း
အပြာရောင်ကောင်းကင်အောက်မှာ နေခဲ့ ကြပြန်ပြီ။
ဆည်းဆာတစ်ခရီးပြီးပြန်တော့ 
ပအို့ ဝ်နီနီကလေးရေ.........
ရိုးတိုးရိပ်တိတ်နဲ့  လရိပ်ရေးရေးလေးအောက်မှာ
အပြေးအလွှားလိုက်ပါနေတဲ့  ကြယ်စင်ကလေးတွေကတော့ 
တောက်ပလို့ ...........။
နီးတစ်ထက်နီးနီးလာလိုက်
ပိုနီးနီးလာလိုက်နဲ့ 
တစ်စနဲ့ တစ်စ ပိုပိုတောက်ပလာပြီး
ခရီးလမ်းဆုံးအထိ ထပ်ချပ်မကွာ လိုက်ပါနေလိုက်ပုံများ
ပအို့ ဝ်နီနီကလေးရေ.....
မင်းဆီလာရာ လမ်းခရီးမှာ ဂျိုးဖြူ လေးများ ထပ်များတွေ့ ရင်
ကမ္ဘာမကြေသီချင်းကို တို့ ခရီးအဆုံးမှာ အဆုံးသတ်လိုက်ချင်တော့ တယ်ကွယ်။ ။
လင်းသူရိယနွယ်
( ၂၆ . ၀၅ .၂၀၁၄ )
ဖေါ်ကွာဝေးသော ညများကိုဖြတ်သန်းခြင်း။
ချယ်ရီရေ..........
အနာတရတွေနဲ့ 
ဝေဒနာညတွေကို တစ်ရေးနိုးတဲ့ အခါ
ငါ ဘယ်လိုပြန်ပြောရပါ့ ။
အယူအဆခြင်း
တူမျှ ခြင်းဆိုတဲ့ သဘောတရားဟာ
တို့ နှစ်ယောက်ခြား
စည်းခြားဖို့  မဟုတ်ပေမယ့် 
ညှိ့ မရတဲ့ အဆုံး
မမုန်းမမေ့ ကြကြေးနဲ့ ပဲ
ဘယ်နှစ်ကာလကြာသည်အထိ နေနိုင်ကြမှာလဲနော်။
ချယ်ရီရေ........
ဝေနေတဲ့ အလှနဲ့ 
မြေခလို့  ကြွေအကျမှာ
မင်းအလှပျက်မှာမို့ 
ခပ်ဖွဖွလေး ကောက်ပါ့ မယ်ဆိုပြန်တော့ 
" ပိုပြန်ပေါ့ " ဆိုတဲ့ စကားလေး
အတိတ်မှာ ထားခဲ့ လားကွယ်။
ဒီလိုနဲ့ .....
ချယ်ရီရေ.....
မင်းနဲ့ ငါ လမ်းမဆုံးပဲ
ဖုန်းသံအဆုံးမှာ ငါ ...ဘာပြောချင်မလဲ
မင်း ......ဘာပြောချင်နေမလဲ ဆိုတာတွေထက်
ညဥ့်နက်တဲ့ အခါ
ငါ့  ရောဂါဆိုးကိုပြောမထွက်တာများ
မင်း ဥပေက္ခာပြုလိုက်ပြီဆိုတာ သိလိုက်ပါပြီကွယ်။ ။
လင်းသူရိယနွယ်
( ၂၄ . ၀၅ .၂၀၁၄ )
Thursday, May 22, 2014
သတ္ပံုမွားတဲ ့ သကၠရာဇ္မ် ား
ဘဝ ဘဝ
ခဏခဏ ထပ်တူကျ ခေါက်ရိုးဆွဲ အမှားတွေနဲ့ 
နှစ်ကာလများစွာကိုဖြတ်သန်း လူ့ ဘဝသက်တမ်း
ငါ တစ်ခြမ်းကျိုး ပါရော့ လား။
လူ့ ဘဝအစ
ပါးစပ်ကို တစ်အားဟ
အမေ့ ရင်ခွင်နားမှာ ဝါးကနဲ အငိုနဲ့  စရင်း
ဘာဆို ဘာမှ မသိတဲ့  ဟော့ ဒီ့  ကမ္ဘာလောကကြီးကို
လူသားဘဝနဲ့ ဝင်လာခဲ့ တာက အစ ငါ မှားပြီးလားကွယ်။
ဟရို့  ............
အမေက မွေး အဖေကကျွေးနဲ့ 
လောက လူ့ ဘောင်ထဲ ယောင်လည်လည်ရောက်လာတဲ့ အခါ
ပညာရှာရင်း ဟိုဒင်း ဟိုလိုနဲ့ ပဲ
အတတ်ပညာ ပြည့် စုံခဲ့ တယ်ပဲ ဆိုပါတော့ ။
ရိုးသားခြင်းရဲ့ ခရီးအစ
ကျောင်းဆရာ ဘဝထဲမှာ ငါ ရှာမယ်စိတ်ကူး
မရူးတဲ့ အတွေးတစ်အိတ်နဲ့  ငွေအသပြာကို ဘေးချိတ်
တောတောင် အရိပ်မှာ သင်ပုန်းချိတ်ခဲ့ တာ သုံးနှစ်အကြာ
နာ သုံး နာ သမားဖြစ်ပေမယ့်  အသပြာရှိရှာသူတွေသာ
ရာထူးတွေရခဲ့ ကြတာ ငါမပါ ငါ့  မဟာအမှားဖြစ်သတဲ့ လေ။
ဒီလိုနဲ့ .........
ဘဝကို အစုန်အဆန်လက်ပစ်ကူးဖို့ 
ဖူးငုံစ ပန်းပွင့် ကလေးတွေရှေ့ မှာ ငါဘယ်လိုနုတ်ဆက်ရ
ငိုင်ကျနေတဲ့  သူတို့ ရှေ့ က ငါ ဘယ်လို ဖယ်ခွါသွားရပါ့ 
ဘဝအတွက်........
အနာဂ္ဂါတ်အတွက်........
ငါ့ အတ္တကို ရှေ့ တန်းတင်လိုက်မိတာ
ခွင့် လွှတ်ပါကွယ် လို့  ပြောမထွက်ပဲ
ရုတ်တရက် နုတ်မဆက် ခွဲခွါခဲ့ တာ
ဆံပင်တွေတောင် ဖွေးလို့ ဖြူ ပေါ့ ။
အဲ့ သလိုနဲ့ ပဲ...........
သက္ကရာဇ်တွေလှိုက်စား
ဝေးမြေခြားမှာ ရိုးသားစွာ အသပြာရှာရင်း
ငါ ကြီးပြင်းနေခဲ့ ရပေမယ့် 
ငါ့ နိုင်ငံအတွင်းမှာ ရိုးသားခြင်းနဲ့ 
လှည့် စားခြင်းတွေ ကင်းပြီးလားလို့ 
ငါ စဉ်းစားနေမိတာ
နောက်ဆုံးအကြိမ်မြောက်
ငါ ထပ်မှားပြန်ပြီလားကွယ်။ ။
လင်းသူရိယနွယ်
မျောနေတဲ့  ပုံတူမြို့ ပြ
အလိုလေး........
မြို့ ပြကို မျက်နှာသစ်ချ လိုက်ပုံများ
အသစ်အသစ်ပြရုပ်တွေနဲ့ 
ငါ့ မျက်လုံး ငါမယုံရဲ အောင်ကိုပါပဲ ။
ဘယ့် နှယ့်  ဘယ်ကဘယ်လို
ပြောင်းရွှေ့ လာတဲ့  အမည်မသိပင်အိုတွေဟာလည်း
ဆူးလေဘုရားလမ်း ဝဲ ယာပေါ် ခြေစုံ တန်းစီလို့ ....
ဒါတင်ဘယ်က အုံးမှာလဲ
မြို့ ပြရဲ့  အဓိက အဓိက လမ်းဘေး ဝဲ ယာ
အားလုံးပဲ ဆိုပါတော့ ။
အတင်းတုတ်မယ် မကြံနဲ့  ခင်ဗျ
တကယ်လုပ်နေတဲ့  ကျူ ပ်တို့ ရန်ကုန်မြို့ ကြီးမှာ
Orchid လို့ ခေါ်တဲ့ စင်္ကာပူက နာမည်ကြီး သစ်ခွလမ်းလိုမျိုး
ရန်ကုန်မြို့ ရဲ့ ဆူးလေဘုရားလမ်းဖြစ်နေပြီ။
မိုးပျံ ကုန်တိုက်ကြီးတွေနဲ့ 
ဟိုတယ် မော်တယ် ကွန်ဒိုတိုက်မြင့် မြင့် ကြီးတွေ
စည်ကားနေတဲ့  အဲ့ လမ်းမကြီးမှာ
မင်း ညလမ်းလျှောက်ထွက်ရင်
လမ်းဘေးဈေးသည်ရယ်လို့ မရှိ
ပကတိ အမှိုက်က စ ကင်းစင်ပြီး
ရောင်စုံမီးတန်းတွေအောက်
မင်း ကြည်နူးနေမှာ အမှန်ပါပဲ။
နောက် နှစ်တိုတိုနဲ့  တည်ဆောက်ပြီးသွားတဲ့ 
မြို့ ပြအခင်းအကျင်းတွေထဲ
ပြည်သူ့ ဥယျာဉ်ကြီးဟာ
စင်္ကာပူက ကမ္ဘာလှည့် ခရီးသွားတွေစိတ်ဝင်စားတဲ့ 
Sentosa ဥယျာဉ်ကြီးလို ဖြစ်နေပြီ။
ကောင်းကင်မှာသွားနေတဲ့ Cable Cars တွေကို
ပြည့် သူ့ ဥယျာဉ်ကနေ စစီးပြီး ရန်ကုန်မြို့ ရှူ့ မျှော်ခင်းထဲမှာ
မင်း မျောပါနေလိမ့် မယ်။
ဒါတင်လား၊ဘယ်ဟုတ်အုံးမလဲဗျာ.......
ဘတ်စ်ကားတွေအစ ရထားတွေအဆုံး
ခောတ်မီနေလိုက်ပုံများ အခပေးကဒ်စနစ်နဲ့ 
မင်းလိုရာ ခရီးအရောက်မှာ
အလိုအလျောက်ဖြတ်တောက်သွားပါလိမ့် မယ်။
ဘတ်စ်ကားတွေလား
ဆယ့် ငါးမိနစ် တစ်စီး ရထားဆိုရင်ရော
ငါးမိနစ်တစင်းနဲ့  မြို့ ပါတ်ဘူတာတွေနဲ့  ဘတ်စ်ကားဂိတ်
အချိတ်အဆက်ကိုမိလို့ ။
ကားဂိတ်တွေနဲ့  ဘူတာရုံ
ဘယ်လောက်အထိ ခောတ်မီနေသလဲဆိုတာ
စင်္ကာပူကို မင်းပြေးမကြည့် နဲ့  မြန်မာပြည်ထဲမှာ ကွက်တိကိုဖြစ်နေပြီ။
ဟပ်ချလောင်းနဲ့  ချက်ချင်းပြောင်းလဲလိုက်ပုံများ
ဖုန်မှုန်တွေ ဘယ်ပျောက်သွားပါလိမ့် 
မညီညာတဲ့  မြို့ ပြညတွေထဲက
ခပ်မှောင်မှောင် ပလက်ဖောင်းတွေ
ဘယ်သမိုင်းစာမျက်နှာမှာ ထားခဲ့ ပါသလဲ
ကောင်းကင် အလင်းတောက်တွေကို
ဘယ်ပန်းချီဆရာများ ဆေးစက်တွေ ပက်ဖျန်းသွားပါလဲ။
အဲ ....သုံးကားပေါင်းမိုးအလင်းနဲ့ 
ပွဲခင်းထဲ ငါအိပ်ပျော်နေတုန်း
အဲ့ ဒီ့ အိပ်မက်ကို ငါဘယ်လို ပြန်ပြောရပါ့  ။ ။
လင်းသူရိယနွယ်
အနာဂ္ဂါတ်နေ့ အတွက် ကဗျာတစ်ပုဒ်
တစ်နေ့  တစ်လှမ်း
ပုံမှန်လှမ်း၍ လိုရာမရောက်
ခရီးမပေါက်သောဝ် တစ်ထောက်နားချိန်
ဒူးထောက်ရပ်နား ရှေ့ ဆက်မသွားပဲ
အရှူံးပေးကာ လာရာနေရာမှ ရပ်မည်လား။
အချိုးအကွေ့ ၊အတက်အဆင်း
စိတ်အားတင်း၍ ရဲရဲလှမ်းလျှောက်
ဒီတစ်မိုးအောက်မှာ ဘယ်ခြေ ညာလှမ်း
ဝရိယထမ်းရင်း လာရာလမ်းကို မမေ့ နှင့် ။
တစ်ခါတစ်ရံ
ခရီးကပမ်း လူကနွမ်း၍
လှမ်းသည့် ခြေလှမ်း နောက်တစ်လှမ်းဆုတ်သောဝ်
ပန်းတိုင်ဤခရီး ဝေးနေမည်မို့ 
နွမ်းသည် ပမ်းသည် ရှိပါမူလည်း
ရောင်နီမလွှမ်းခင် ပန်းဝင်ချင်သည်။ ။
လင်းသူရိယနွယ်
Saturday, May 10, 2014
သူရဲကောင်းများဖတ်ဖို့ ရေးတဲ့  ဝတ္တု
                                                ( တစ် )။
ကိုယ့် မြေ၊ကိုယ့် ဒေသ၊ကိုယ့် ရေမြေဝန်းကျင်ကိုတော့  သတိတရရှိနေသည်မှာ ပြည်ပရောက် နိုင်ငံ
သားတို့ အားလုံးထပ်တူညီမည်ဟု သူထင်သည်။သူ  မြန်မာနိုင်ငံမှ ထွက်ခွါ၍ ပြည်ပတိုင်းပြည်များသို့ 
အလုပ် လုပ်ကိုင်နေခဲ့ သည်မှာ ဆယ်နှစ်ကျော်ဝန်းကျင်။
ကြာတော့ သည်လည်းလွမ်းသည်၊သတိရသည်၊ပို၍ ပို၍အမိမြေကို တမ်းတမ်းတတရှိလာသည်။အဝေး
တစ်နေရာမှနေ၍ ဖေဖေ၊ မေမေတို့ နှင့် အတူ သားငယ်ကလေးကိုဖုန်းဖြင့်  အရုပ်အသံပြောဖြစ်နေရုံ
ဖြင့်  အားမရနိုင်၊မတင်းတိမ်နိုင်တော့ သည့် အဆုံး သူ ခေတ္တ ခွင့် အလည်အပါတ်ဖြင့် ပြန်ဖို့  သူဆုံး
ဖြတ်လိုက်သည်။
မင်္ဂလာဒုံလေဆိပ်မှ သူ့ အား ပြုံးရွှင်စွာဖြင့် လာကြိုနေကြမည့်  ဖေဖေ၊မေမေတို့ နှင့် အတူ သူ့ သားငယ်
လေး၏မျက်နှာကို သူမြင်ယောင်မိကာ စိတ်ကူးဖြင့် ပင် သူပျော်နေမိသည်။
             +    +    +    +    +   +   +    +    +    +    +   +    +    +  +
                                           ( နှစ် )။
မင်္ဂလာဒုံ လေဆိပ်။လူဝင်မှု့ ကြီးကြပ်ရေးအထွက်ဂိတ်မှ  မှန်နံရံတစ်ဘက်ဆီမှ တိုးဝှေ့ ကြည့် နေကြသော
ဧည့် ကြိုလာကြသည့်  လူအုပ်များကြားဆီ သူ့ အား လာကြို ကြမည့် မိသားစုဆီ ရှာဖွေကြည့် နေမိသည်။
သူ တွေ့ ပါပြီ။ မေမေက သားငယ်ကလေးကို လက်ညှိုးထိုးပြကာ သူ့ ကို လှမ်းပြနေသည်။သူ့ ကို သားငယ်
ကလေးကလှမ်း တွေ့ လိုက်ရသည့် အခါ ခုန်ပေါက်မြူးထူးနေသည်။ သြော်...ခွဲခွာနေကြရသည်မို့ .......။
လေဆိပ်ပြင်ပရောက်တော့ " သား ရယ် ပိန်သွားလိုက်တာ။ " မေမေက ပြောသည်။ဆယ်နှစ်သား သား
ငယ်က ပူးစိကွေးကလေးလုပ်လိုကာ သူ့ လက်ကလေးနှစ်ဘက်ကို ဆန့် တန်းပေးနေသည်။သားငယ်က
လေးကျေနပ်လောက်သည်အထိ သူ မနိုင်တနိုင်ချီထားလိုက်ရသည်။ " ဖေဖေ့ ကို သားသားက အဝေးကြီး
ကနေလှမ်းကြည့် နေတုန်းက  ဖေဖေက ဘောင်းဘီကြီးနဲ့ ဆိုတော့  ဘယ်ကနိုင်ငံခြားသားကြီးလည်းဆိုပြီး
သားက ထင်နေတာ ၊" သားငယ်ကလေးစကားဆုံးတော့  " သားရယ်...ဖေဖေက မြန်မာနိုင်ငံသားစစ်စစ်
ကြီးပါ သားရယ်၊တကယ်ဆို ဖေဖေက မြန်မာပုဆိုးစစ်စစ်လောက် မြတ်နိုးခုံမင်မှုမရှိတာ သားရဲ့ ။သားတို့ နဲ့ 
နေမယ့် တစ်ချိန်လုံး ဖေဖေက မြန်မာရှပ်အကျီင်္  လည်ကတုံး၊မြန်မာ ပုဆိုးနဲ့  ကတ္တီပါဖိနပ်ကလေးနဲ့ ပဲ ဖေ
ဖေ ဝတ်ပြီး နေသွားမှာပါ သားရဲ့ ။ "သားငယ်ကလေးက ရယ်ကျဲကျဲမျက်နှာပေးကလေးနှင့် ။ မေမေကပြော
သေးသည်။ သားငယ်ကလေးက စကားအရမ်းတတ်တာသတဲ့ လေ။
                         +     +     +     +     +     +    +    +   +
                                          (  သုံး  )။
အငယ်ဆုံးညီငယ်က လေဆိပ်အထွက်ပေါက် ကားရပ်နားရာဆီမှာ အသင့် စောင့် ဆိုင်းနေသည်။အစ်ကို
ဖြစ်သူနှင့်  နှစ်ပေါင်းများစွာ ခွဲခွါနေခဲ့ ရသူမို  လှိုက်လဲဝမ်းသာစွာ သူ့ ကို သိုင်းဖက်ဆီးကြိုလိုက်တော့  သူ
နွေးထွေးသလို ခံစားရသည်။
"ညီညီရေ.....အချိန်စောတုန်းလေး ရွှေတိဂုံဘုရားပေါ်အရင်တက်မယ်၊ဘုရားတတ်ဖူးမယ်၊ပြီးရင် ထိုင်လို့ 
ကောင်းမယ့် လက်ဘက်ရည်ဆိုင်လေးတစ်ဆိုင် ဆိုင် ဝင်မယ်။ပြီးမှ  အိမ်သွားကြတာပေါ့  " လို့ သူ ပြော
လိုက်တော့  ဖေဖေရော မေမေက သဘောတူလိုက်သည်။
ဗဟန်းမုဒ်ဦးဘက်ဆီသို့  လမ်းကိုရွှေးချယ်ရင်း နတ်မောက်လမ်းဘက်မှညီဖြစ်သူက မောင်းလာခဲ့ သည်။
အမှု့ မဲ့ အမှတ်မဲ့ မောင်းလာရင်း ဗိုလ်ချူ ပ်ပန်းခြံရှေ့ သို့ အရောက် သားငယ်က " ဖေဖေ ၊ဟိုမှာ ဗိုလ်ချူ ပ်
ကြေးရုပ်၊"သားက လက်ညှိုးလက်ထိုးပြသည်။ " ဟုတ်တာပေါ့  သားရယ်၊အဲ့ ဒါ ဗိုလ်ချူ ပ်အောင်ဆန်းကြေး
ရုပ်ပေါ့  သားရယ်။"
 "ဖေဖေ....ဘုရားဖူးပြီးရင် သားကိုဗိုလ်ချူ ပ်အောင်ဆန်းကြေးရုပ်ဆီ ခဏလိုက်ပြပေးနော် ဖေဖေ၊ "သားအ
လိုကျ ခေါင်းငြိမ့် အဖြေပေးလိုက်သည်နှင့်  သားပျော်နေလေသည်။
 "သားရယ်၊ မင်းသားကတော့  ဗိုလ်ချူ ပ်အောင်ဆန်း အကြောင်းဆို ဒီအရွယ်ကလေးနဲ့ တော်တော့် ကိုစိတ်
ဝင်စားနေတာ၊ဈေးသွားလို့  မင်း ၊သားကိုခေါ်သွားလို့ များ ဗီစီဒီခွေအရောင်းဆိုင်ရှေ့ ဖြတ်တာနဲ့ ဗိုလ်ချူ ပ်
အောင်ဆန်း အထ္ထု ပါတ္တိခွေပဲ ပူဆာနေတော့ တာပဲ။ "
သည်အရွယ်ကလေးနှင့်  ဗိုလ်ချူ ပ်အောင်ဆန်းအကြောင်း သိသည်၊ကြားဖူးသည်ထက် စိတ်ဝင်စားသည်မို့ 
သူ့ သားငယ်ကလေးကို သူအားရကျေ နပ်နေမိသည်မှာ အမှန်ပင်။
               +    +    +    +    +    +    +    +     +    +  
                                           (  လေး )။
ရပ်ဝေးမှနေ၍ မှန်းဆကာတစ်မျိုး၊အင်တာနက်ပေါ်မှတဆင့်  အချို့ သော သူငယ်ချင်းများတင်ထားသည့် 
ကြည်ညို စဖွယ် ရွှေတိဂုံစေတီတော်ကြီးကိုသာ ဖူးခဲ့ ရသည်မှာ ကာလအတန်ကြာခဲ့ ပါပြီ။ယနေ့ မှပင်
အနီးကပ် မိသားစုစုံညီစွာဖြင့်  ဖူးမျှော်ခွင့် ရတော့ သည်။
ဘုရားပေါ်ကပြန်ဆင်းလာသည်နှင့်  သူ ဗိုက်ဆာနေသည့် တိုင် သားငယ်ကလေးကို ဂတိပေးထားပြီး
သည်မို့  ရွှေတိဂုံစေတီတော်မြတ်၊ဗဟန်းဘက်မုဒ်ဦးနှင့် အနီးဆုံး ဗိုလ်ချု ပ်ပန်းခြံသို့ ထွက်လာခဲ့ သည်။
ကားရပ်နားရန်နေရာ၌ကားရပ်နားထားခဲ့ ပြီး ဗိုလ်ချု ပ်အောင်ဆန်းကြေးရုပ်ရှိရာ လျှောက်လာခဲ့ ကြသည်။
"  ဖေဖေ...သားလေ၊ မေကြီးတို့ နဲ့  ပဲခူးဘုရားတွေသွားဖူးတုန်းက ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း
ထဲမှာလည်း ဗိုလ်ချူ ပ်အောင်ဆန်းမြင်းစီးနေတဲ့  ရုပ်ပုံထုထားကြီး သားမြင်ဖူးခဲ့ သေးတယ် ဖေဖေ။နောက်
ပြီးတော့ လေ...အခြားမြို့ တွေမှာလည်း မေကြီးတို့ နဲ့  ဘုရားဖူးအနှံ့ လှည့် ဖူးတုန်းက သား ဗိုလ်ချူ ပ်အောင်
ဆန်းရုပ်ထုတွေ တွေ့ ခဲ့ ဖူးတယ် ဖေဖေ။ "
" ဟုတ်တယ် သား၊ တစ်ချိန်က နှစ်တော်တော်များများဖေဖေတို့  သားတို့ ပိုင်တဲ့ နိုင်ငံကိုတိုင်းတစ်ပါးသား
အောင် သက်စွန့် ကြိုးပမ်း ရယူပေးခဲ့ တာမို့  နောင်လာနောင်သားတွေ၊သားတို့ လို မျိုးဆက်တွေအဆက်
ဆက်ထိ သိရအောင် သတိတရရှိနေအောင် မြို့ တော်တော်များများမှာ အမှတ်တရ ဂုဏ်ပြုထားတယ်ပေါ့  သားရယ်။ "
 "  ဖေဖေ ...အဲ့ ဒီ့  ဗိုလ်ချူ ပ်အောင်ဆန်းရှိတုန်းက၊ဗိုလ်ချူ ပ်တွေ ဘယ်နှစ်ယောက်ရှိခဲ့ သလဲဖေဖေ။ "
  "  တစ်ယောက်တည်းပေါ့ သားရယ်၊ မြန်မာ့ တပ်မတော်ကြီးရဲ့  သူရဲကောင်းကြီးလည်းတစ်ဦးဖြစ်သလို
ဗိုလ်ချူ ပ်ရာထူးအဆင့် ကလည်း ဗိုလ်ချူ ပ်အောင်ဆန်း တစ်ယောက်တည်းပေါ့  သား။ "
"  ဖေဖေ ၊ သားလေ   တီဗွီထဲမှာ ည ညကြရင် သားကြည့် ရတာ ဗိုလ်ချူ ပ်တွေလည်းအများကြီးပဲ၊ဗိုလ်ချူ ပ်
မှူးကြီးတွေ၊ ဗိုလ်ချူ ပ်ကြီးတွေ ၊ဗိုလ်ချူ ပ်တွေ ဖြစ်လာတာလား ဖေဖေ။ ပြီးတော့  သူတို့ အင်္ကျီတွေမှာလည်း
သူရဲကောင်းဆုတံဆိပ်တွေ အင်္ကျီအပြည့် ပဲဖေဖေ။ဒါလည်း နယ်ချဲ့ တွေကို တိုက်လို့  သူရဲကောင်းဆုတံ
ဆိပ်တွေ အများကြီးဖြစ်နေတာလား ဖေဖေ။
ဘာလို့  ဖေဖေတို့  သားတို့  သိတဲ့  သူရဲကောင်းကြီး ဗိုလ်ချု ပ်အောင်ဆန်းကျတော့  အင်္ကျီပေါ်မှာ မဆန့် 
လောက်အောင် ဘာလို့ သူရဲကောင်းတံဆိပ်တွေ မရှိခဲ့ ရတာလည်းဖေဖေ။  "
" သူ ခေါင်းကို သွင်သွင်ရမ်းခါနေမိသည်။ပြီးတော့ " သားရယ် ....သား ဒီအချိန်မှာ သိဖို့ စောပါသေးတယ်။
သား တစ်နှစ်ထက်တစ်နှစ် အသက်တစ်နှစ်တိုးတိုးသွားတိုင်း သားသိလာပါလိမ့် မယ်။ " ဟု သားငယ်က
လေးကို သူခေါင်းကလေးပွတ်ပြီး ပြန်ပြောလိုက်တော့  သားငယ်ကလေးဆက်မမေးတော့ ပဲ ငြိမ်လျှက်
သား။
                           +    +    +      +    +    +    +    +
                                         (  ငါး  )။
တကယ်ဆိုလျှင် သားငယ်ကလေး နားလည်အောင်သူ ရှင်းပြချင်သည်။စူးစမ်းတတ်သော ကလေးအရွယ်မို့ 
  သားငယ်ကလေးသိလိုသော အကြောင်းအရာများကို ပြောပြချင်ခဲ့ပါလျှက် ခုချိန်ခါ မျိုး  မှာ နိုင်ငံရပ်ခြား ပြန်လည်ထွက်ခွါ အလုပ်လုပ်ကိုင်ရအုံးမည်မို့   မင်္ဂလာဒုံလေဆိပ် လူဝင်မှု ကြီးကြပ်ရေးအ
ဖွဲ့ က ပြန်ပေးမထွက်ပဲ ဖြစ်ရပါမူဆိုသည့်  စိုးရိမ်စိတ်ဖြင့် သာမို့   " သားရေ.....အမှန်တကယ်ပွင့် လင်းမြင်
သာလာမယ့် အခါ၊အဖေ့ ကိုသာ ခေါ်လိုက်ပါ။ "
                                                                                လင်းသူရိယနွယ်။
                                                                                ( ၁၀ .၀၅ . ၂၀၁၄ ) 
Saturday, March 29, 2014
သံယောဇဉ်စစ်တမ်းစာမျက်နှာပေါ်က နှစ်ဆယ့် လေးနာရီ
နေညိုနေဆဲ
မိုးမည်းသွားမလား စိုးကြောက်နေစဉ်
နွေရင်ခွင်ထဲ တစ်နေဝင်သော်.......။
ကျူထရံပေါက်
နေပြောက်ပြောက်ကလေး
ဟိုးပြေးဒီပြေး အလင်းပေးသော်.....။
တစ်နေလည်းကွယ်
တစ်ရာသီ တစ်စက်ဝန်း
လ ရာသီ တစ်ကမ္ဘာပါတ်သော်......။
သိစိတ် မသိစိတ်
ဒွိဟတွေကြား နေ့ ရထားနှင့် 
ညတောင်တန်းကို ကြိမ်ဖန်ဖြတ်ရင်း
အိပ်မက်နိုးသော်
သြော....တီးတိုးသံကြား
ရှေ့ သို့ သွားမြဲ လက်တံမြှားက
ညွှန်းပြနေတဲ့ ငါ့ ဝိဥာဉ်ထဲက
နှင်းဆီဝါဆီ...............။                 ။
                                               လင်းသူရိယနွယ်
                                               ၃၀ရက် . ၃လ .၂၀၁၄ခုနှစ်။