Tuesday, October 15, 2013

လ ရယ် သာသာ


 လ ရယ် သာသာ



ညအခါ
လသာသာ
ကစားမလား နားမလား ဆိုတဲ့ ကဗျာကလေး
ဘယ်မေ့ အုံးပါ့ မလဲကွာ။

နှစ်သုံးဆယ်ကျော်ပေမယ့် 
မပြောင်းမလည်း မဟောင်းနွမ်းဆဲနဲ့ 
ဆယ်အလီတွေပြောင်းသည့် တိုင်......။

ဘယ်လိုပြောမလဲ
ပြောရင်လည်း မောမှာပဲလေ။

ဒီစတိုင်နဲ့  .....
ယိုင်နဲ့ နဲ့  အိမ်အိုမှာဖြင့် 
ဒေါက်တိုင်တွေ  မြိုင်သော်လည်းပဲ
အမိုး ဖယိုဖရဲအောက်မှာ
ညအခါ
လသာသာ ကစားမလား
နားမလား ဆိုတဲ့ ကဗျာကဖြင့် .................။

                                                       လင်းသူရိယနွယ်။    

1 comment:

ဟန်ကြည် said...

အေးဗျာ...လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေထဲမှာ မလူးသာမလွန့်သာ ရုန်းရင်းကန်ရင်းနဲ့ လသာတဲ့ညခင်းမှာ လမင်းကြီးကို မော့မကြည့်ဖြစ် သဘာဝအလှအပကို မခံစားဖြစ်တာ အတော်တောင် ကြာနေပြီ...

ဒီကဗျာကိုဖတ်ရင်း ငြိမ်းအေးတဲ့သန္တရသကို ခံစားလိုက်ရလို့ ကျေးဇူးတင်ပါသဗျား...