Thursday, November 28, 2013

နှင်းကိုခွင်းမယ့်  နှလုံးသားပေါ်က မြှားတစ်စင်း

နှင်း.....
မင်း လာလမ်းကလေးမှာ
ငွေဝတ်ရုံလွှာနဲ့ လွှမ်းခြုံဝင်ရောက်
တံခါးခေါက်ချိန်........။

နှင်း....
လေပြေညှင်းထဲ
ရနံ့ သင်းတဲ့ ပင်မြင့် စံနန်း
တော်ဝင်ပန်းကို နမ်းရှိုက်ပြီးမှ.......။

နှင်း ....
နံနက်ခင်းထဲ ဝေခွဲမရ
မှုန်ပျပျမှာ

မင်း အလိုကျ
နေပြရင်းနဲ့ 
လာရာလမ်းကလေး
လွမ်း တမ်းတပါစ။

ဝါးတားတားနေ့ စွဲထဲ
မင်းနဲ့ ငါ နှစ်ယောက်ခြားမှာ
မင်းဟာ  နှင်းဖြစ်ပြီး
ငါကမြှားတစ်စင်းသာဖြစ်ရင်
နှလုံးသားနဲ့ ရင်းပြီး
နံနက်ခင်းပေါင်းများစွာထဲက
ဆွဲထုတ်သွားချင်ပြီ နှင်းရေ။

ဒါပေမယ့် 
မင်းဟာ နှင်းဖြစ်ပေမယ့် 
ငါ့ ကို နှလုံးသားမဲ့ မြှားတစ်စင်းလို့ ဆိုရင်လည်း
ရင်အပူလောင်မြှိုက်ခံစားရင်း
ဒီဘဝမှာတော့ 
နှင်းရယ်.....
ဝေးကြရပြီပေါ့ ။             

ဒီတော့ ......
နှလုံးသားအဖွဲ့ အနွဲ့ ထဲမှာ
နှစ်ယောက်တစ်ကမ္ဘာ မခြားရလေအောင်
ကဲ .....မြှားတော်ကို ပစ်ကာခွင်းမယ်
မင်းနဲ့ ငါ
ထာဝရပေါင်းစပ်ရပြီပေါ့ ။                 ။


                                                  လင်းသူရိယနွယ် 
                                  










1 comment:

ayesnake said...

ထာဝရပေါင်းရစေသော်ဝ် ...