Sunday, September 8, 2013

ဧရာဝတီအတွက်ရေးတဲ့  ပြဇာတ်တစ်ပုဒ်





ကမ ၻာမွာ ......
သဘာဝအလွေတြနဲ ့
သစ်ခွရဲ့  သဘာဝ စိမ့် မြိုင်တောတောင်တွေရဲ့ အလှ
ရေအောက် ကမ္ဘာရဲ့ အလှ
အခပေးစနစ်နဲ့ ပြစားနေတဲ့ ခေတ်ယဉ်ကျေးမှု ထဲမှာ
မြန်မာဆိုတဲ့ တို့ တိုင်းပြည်ကို ငေးမျှော်ကြည့် မိခဲ့ တယ်။

သဘာဝအလှတရားတို့ ရဲ့  ပြကွက်
လုပ်ယူစရာမလိုတဲ့  တို့ နိုင်ငံမှာ
တောင်တန်းနဲ့ ပြည်မ သူ့ အလှနဲ့  သူရှိသကွဲ့ ။

အညာမြေဆီက ထန်းတော
အမောပြေလောက်အောင် တောင်တန်းဖျော့ ဖျော့ ကလေး
နှောထားတဲ့  ပန်းချီကားလေးတစ်ချပ်
မင်း မြင်ဖူးမှာပေါ့ ။

အညာမြေဆိုပေမယ့် 
ဧရာဝတီအသွေးအသားနဲ့ 
ရပ်တည်မှု ခြေတစ်စုံပေါ်မှာ
သဘာဝနဲ့  ဘဝတွေအတွက် ပေးဆပ်ထားတယ်။

တောင်တန်းနဲ့ ပြည်မ
မင်း ခြေဆန့် ကြည့် မယ်ဆိုလျှင်
သူ့ အသွေးအသားတွေနဲ့ တည်ဆောက်
ဧရာဝတီမှသည် မြစ်ဆုံဆီအထိ။

အလှဗေဒ၊ဘဝသုခတွေအတွက်
သူ့ လက်နှစ်ဖက်ကိုဆန့် တဲ့ အခါ....
ခြေနှစ်ဖက်ကို ဆန့် တဲ့ အခါ....
မင်း ....အဖြေရှာကြည့် မယ်ဆိုလျှင်
လေညင်းလေးထဲမှာ
သူဟာ တို့ ရဲ့  ကဗျာပါ။

အဘိုးက စ တို့ မြေးသားအဆုံး
တို့ အားလုံးရဲ့  ဧရာဝတီဟာ
ကမ္ဘာမှာ သဘာဝနဲ့ ကြီးပြင်းရင်း
တို့ အတွက် ရိက္ခာတွေထုတ်ပိုးပေးခဲ့ တယ်။
သဘာဝ သယံဇာတတွေ ပေးမြဲပေးနေခဲ့ တယ်။

အလှတရားတွေနဲ့ 
ကမ္ဘာမှာ ဧရာဝတီကို လူတိုင်းသိပေမယ့် 
တစ်ခါတစ်ခါ ခုတ်ပိုင်းပစ်ချင်တဲ့ 
စိတ်ရိုင်းဝင်သူတွေရဲ့ 
ဓါး လှံ လက်နက်တွေထဲမှာ
ဧရာဝတီရယ်
မင်း ..မင်း ကျဆုံးသွားမှဖြင့် 
ဧရာဝတီပုံပြင်ရယ်လို့ 
ငါ့ သား ငါ့ မြေးတွေကို
ငါ မပြောပြပါရစေနဲ့ ။             ။       


                                            လင်းသူရိယနွယ်
                                         










2 comments:

ဟန်ကြည် said...

ကဗျာကောင်းလေးပဲဗျ...ကျွန်တော်တော့ မထွက်ဘူးဖြစ်နေတယ်...ရေးစရာတွေ များနေလို့လားတော့ မပြောတတ်ဘူး...ဖောင်ပိတ်ရက်က ၂၀ ရက်နေ့ဆိုတော့ ဒီကြားထဲမှာ ထွက်လာရင်တော့လည်း ပို့လိုက်တော့မယ်...မထွက်ဘဲနဲ့တော့ မညှစ်ချင်ဘူးဗျာ...

Unknown said...

သူငယ်ချင်းရေ....
ထပ် ကြိုးစားနေသေးတယ်။သိပ်တော့  အားမရသေးဘူးဗျ။