Saturday, November 23, 2013

ချယ်ရီမြေအတွက် တစ်ခန်းရပ်ပြဇာတ်တစ်ပုဒ်


ကောင်းကင်ကမှိုင်းပြန်တော့ 
ငယ်စိတ်ကယိမ်းယိုင် ဒယီးဒယိုင်
အတွေးတွေငေးငိုင်ပေါ့ 
စိတ်ကိုသာ ခိုင် ခိုင်ထားရတယ်
လာလမ်းဆီက ပန်းမြိုင်လယ် ဥယျာဉ်ဆီကို
ဘယ်အခါ မေ့ ရနိုင်မည်ပါ့ ။

လွမ်းသလား
ပန်းဖျားက ပျားတစ်ကောင်အသွင်နဲ့ 
နန်း ဆံပင်ဖားဖားဖားလေးမှာ
လမ်းသလားရင်း ချစ်ခွန်းတွေဆိုချင်သေးတာပေါ့ ။

နွမ်းနေရော့ မလား
စိန်ပန်းတွေ လှိုင်လှိုင်ပွင့် နေမယ့် 
ယခုချိန်ကာလမျိုးမှာ
တီတီတာတာငှက်မောင်နှံလေးတွေကို
နန်းရယ်.....
မင်းနဲ့ ငါနှစ်ယောက်
ငေးမောရင်း ခပ်လှမ်းလှမ်းဆီက
ဆင်သေတောင်တန်းကြီးအောက်
ငုတ်လျှိုးပျောက်ကွယ်တော့ မယ့် 
နေမင်းကြီးကို တိုင်တည်ရင်း
နေ့ အသစ်ရဲ့ နံနက်ခင်းကို
အကောင်းဆုံးမျှော်လင့် ခြင်းတွေ မွေးဖွါးပေးဖို့ 
တိုင်တည်ခဲ့ ဖူးကြတယ် နော်
ကိုယ်တော့  နွမ်းတယ် လွမ်းတယ် နန်းရယ်။

နန်းရယ်.....
အလွမ်းကို တံတားခင်းရင်
မိုင်တွေ ရှည်လျားလိမ့် မယ် ထင်တယ်။
 ဒီလိုပဲ......
အလွမ်းတွေကို ဝေဒနာဖွဲ့ ရင်
စာမျက်နှာပေါင်း ထောင်သောင်းမက
အခန်းဆက်တွေနဲ့ 
စာဖတ်သူတွေကို နှိပ်စက်သလိုဖြစ်နေရော့ မယ်။

အိပ်မရခဲ့ တဲ့ ညတွေမှာ
ရယ်စရာအနှောတွေနဲ့ 
တစ်ထောင့် တစ်ညပုံပြင်ထက်
ရှည်ကြာလွန်းတဲ့ ရောက်တတ်ရာရာ
ဘဝအမောတွေပြောရင်း
အာရုဏ်ဦးအလင်းထဲ ဆွဲသွင်း
မင်းနဲ့ ငါ
အမ်ပီတီကွန်နက်ရှင်ကို
နှိပ်စက်ရင်း ညများစွာကိုနံနက်ခင်းနဲ့ လဲလှယ်ခဲ့ ဖူးကြတယ်နော်။

ကောင်းကင်ပေါ်စိတ်ကူးနဲ့ လျှောက်တဲ့ ည
မင်း သတိရအုံးမယ်ဆိုရင်
 " လ "ကို တိမ်ဖုံးတဲ့ တစ်ည
အဲ့ ဒီညက တန်ဆောင်မုန်းလပြည့် ညဖြစ်ခဲ့ ဖူးတယ်ကွဲ့ ။
" လ " ကို တိမ်ဖုံးချိန်
မင်းနဲ့ ငါ အတူကြည့် ရင်း
"လ"ကို တူနှစ်ကိုယ်ရှာဖူးခဲ့ တယ်နော်၊
ပြီးတော့ .....
ရေးရေးနဲ့ နှေးနှေး
ဖြည်းဖြည်းချင်း " လ "ခပ်ပျပျမှာ
မင်းနဲ့ ငါ သာယာခဲ့ သလို
ည ကမ္ဘာတစ်ခုလုံးဟာလည်း
သာယာခဲ့ ဖူးပါတယ်နော်။

လွမ်းလည်းလွမ်းရသလို
နွမ်းလည်း နွမ်းရပါပြီကွယ်။
ဒါပေမယ့် ..... နန်း
အိမ်အပြန် လမ်းမှာတော့ 
စိန်ပန်းတွေလည်းမြိုင်
ချယ်ရီ ခိုင်တွေလည်း လှိုင်နေပေမယ့် 
နှစ်တစ်ရာ ပြက္ခဒိန်မှာ
မင်းကတော့  ရိပ်သာခရီး
ငါ့ မှာတော့  သောကမြေးတွေနဲ့ 
ရယ်စရာ တစ်ခန်းရပ် ပြဇါတ်တစ်ပုဒ်ထဲမှာ
ကဲ ..ဇါတ်ဆရာရေ...
ကန့် လန့် ကာလေးကိုချ။           ။


                                                 လင်းသူရိယနွယ် 





 








1 comment:

ဟန်ကြည် said...

ဟာ...သည်တစ်ပုဒ် တကယ်ကြိုက်တယ်ဗျာ...အပေါ်ပိုင်းမှာ တည်ထားတာလေးတွေလည်း သဘောကျတယ်...အလှဆုံးကတော့ အဆုံးသတ်ပိုင်းလေးပဲဗျာ...ကိုလင်း အတော်ကြီးကို လက်တက်လာတာ အမှတ်ထင်ထင်ကို သတိထားလိုက်မိပါတယ်...

ကဗျာကောင်းတစ်ပုဒ်ဖတ်လိုက်ရတဲ့အတွက် သည်နေ့တော့ မင်္ဂလာရှိသော နေ့ ဖြစ်သွားပြီဗျို့...