Saturday, October 26, 2013

ငါးရိုး နင်တဲ့ ည


စင်္ကာပူရဲ့  ည
လ နဲ့  သိပ်သာယာလှတာပဲ သူငယ်ချင်းတို့ ရယ်။

လ နဲ့  အပြိုင် စိန် နဲ့ မြ လိုက်ဖက်တဲ့ ဧည့် ခံပွဲမှာ
ဘီယာ အရက် အမြည်း ကြက်၊ငါး အသီးအရွက်
တွဲဘက်တွေထဲ ငါ စီးမျောရင်း..........။

အဖေနဲ့  သား ရေမြေခြားမှ
ငါ့ သား မျက်နှာ
ငါ့ သား စားချင်ရာ
ငါ့ သားဝန်းကျင်တစ်ဝိုက်
ထမင်းချိုင့် ဟင်းဗလာထဲ
ငါးကလေး တစ်ဖဲ့ မြန်း
စိတ်မှန်းကျွေးရင်း
အင်း ..ငါ ငါးရိုးနင်ပြီ။

မကြာခဏ
နားဝက အဘ
အဘများလည်း ငါသို့  ပင်လျှင် ရှိမည် ထင်၏။
အဘများလည်း ငါသို့ ပင်လျှင် သိစိတ်များလည်း ရှိစေသောဝ်။     ။

                                                                                 လင်းသူရိယနွယ်




                                                                    

1 comment:

ဟန်ကြည် said...

စိတ်ကူးလေး လှတယ်ဗျာ...ရင်ထဲကို နင့်ခနဲနေအောင် ၀င်သွားတဲ့ ကဗျာလေးပါပဲ...ကဗျာကောင်းတစ်ပုဒ်ဖတ်လိုက်ရလို့ ကျေးဇူးပဲ ကိုလင်းရေ...