Saturday, November 2, 2013

မျဉ်းပြိုင်များရဲ့  ပန်းတိုင်




ငါ့  ပခုံးနှစ်ဖက်ပေါ်မှာ
တစ်လှုပ်လှုပ်ပဲ ရုန်းရုန်း
တစ်စိမ့် စိမ့် ပဲ လှိမ့် လှိမ့် 
မမောမပမ်း မနားစတမ်းပဲ ပြေးပြေး
အနာတရ သွေးစိမ်းတွေလူးနေပေမယ့် 
ငါ့ တုန်လှုပ်မှုတွေ ကင်းမဲ့ ခဲ့ ။

အစမှ အဆုံး
ရှေ့ ဆုံးကခုတ်မောင်း
နောက်တွဲများအဆုံး
တစ်ဂျူံးဂျူံး အသံအဆုံးမှာ
ငါ အံ တင်းခံရင်း
မင်းပန်းတိုင်ဘူတာရောက်ရင်တော့ 
ဥသြေသံရှည်ကလေး ငါ့ ကိုပေးပါလေ။

ရွာစဉ်ဘူတာငယ်ကလေးတွေအဖြတ်
လမ်းမှာရပ်လို့  ငိုနေတဲ့ ခရီးသွားသူများကိုတွေ့ တဲ့ အခါ
မင်း ရပ်ပြီး ခေါ်ဆောင်သွားပေးပါ။

တောစဉ် တောင်တန်းတွေကိုအဖြတ်
ညနက်တဲ့ အခါ လဝန်းကြီးကို မင်းတွေ့ ရင်
သူ့ ကိုပါ အဖေါ်ခေါ်လို့ 
ကြယ်စင်ကလေးတွေလိုက်လာရင်လည်း
လိုက်ပလေ့ စေပေါ့ 
ငြိမ်းချမ်းရေးဆိုတဲ့ ဘူတာလမ်းဆုံးရောက်ပြီဆိုရင်
သွေးစိမ်းတွေလူးကျံနေတဲ့ 
ငါ့ လက်မောင်းတွေ ကျိုးကြေနေပါစေ
ငါ တာဝန်ကျေပြီမို့  ငါ ကျေနပ်တယ်။    ။

                                                  လင်းသူရိယနွယ်

No comments: