Tuesday, May 27, 2014
ဖေါ်ကွာဝေးသော ညများကိုဖြတ်သန်းခြင်း။
ချယ်ရီရေ..........
အနာတရတွေနဲ့ 
ဝေဒနာညတွေကို တစ်ရေးနိုးတဲ့ အခါ
ငါ ဘယ်လိုပြန်ပြောရပါ့ ။
အယူအဆခြင်း
တူမျှ ခြင်းဆိုတဲ့ သဘောတရားဟာ
တို့ နှစ်ယောက်ခြား
စည်းခြားဖို့  မဟုတ်ပေမယ့် 
ညှိ့ မရတဲ့ အဆုံး
မမုန်းမမေ့ ကြကြေးနဲ့ ပဲ
ဘယ်နှစ်ကာလကြာသည်အထိ နေနိုင်ကြမှာလဲနော်။
ချယ်ရီရေ........
ဝေနေတဲ့ အလှနဲ့ 
မြေခလို့  ကြွေအကျမှာ
မင်းအလှပျက်မှာမို့ 
ခပ်ဖွဖွလေး ကောက်ပါ့ မယ်ဆိုပြန်တော့ 
" ပိုပြန်ပေါ့ " ဆိုတဲ့ စကားလေး
အတိတ်မှာ ထားခဲ့ လားကွယ်။
ဒီလိုနဲ့ .....
ချယ်ရီရေ.....
မင်းနဲ့ ငါ လမ်းမဆုံးပဲ
ဖုန်းသံအဆုံးမှာ ငါ ...ဘာပြောချင်မလဲ
မင်း ......ဘာပြောချင်နေမလဲ ဆိုတာတွေထက်
ညဥ့်နက်တဲ့ အခါ
ငါ့  ရောဂါဆိုးကိုပြောမထွက်တာများ
မင်း ဥပေက္ခာပြုလိုက်ပြီဆိုတာ သိလိုက်ပါပြီကွယ်။ ။
လင်းသူရိယနွယ်
( ၂၄ . ၀၅ .၂၀၁၄ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment