Saturday, January 11, 2014

နုတ်ဆက်ခဲ့ပြီ။



ပင့် ကူအိမ်ဖွဲ့ နေတဲ့ 
မှန်ကူကွက် အိမ်ကလေးကို
ကဗျာရေးတဲ့  လက်နဲ့  ငါ ဖျက်ခဲ့ ဖူးပြီ။

နှင်းရည်သောက်ဆဲ
ပွင့် အန်စနှင်းဆီကို အာရုဏ်ဦးမှာ
တစ်လွှာချင်းချေဖျက် ငါ ရက်စက်ခဲ့ ဖူးပြီ။

တိမ်ပန်းချီဖွဲ့ နေတဲ့ 
အပြာရောင်ကောင်းကင်ကို
မှောင်အတိဖုံးသွားအောင်
အနက်ရောင်ဆေးကြမ်းတွေနဲ့ 
ငါ ခပ်နာနာ ရေးဆွဲခဲ့ ဖူးပြီ။

အပျက်အပျက်တွေနဲ့ 
ရက်စက်ခဲ့ တဲ့ နေ့ တွေအတွက်
ငါ ဘာ ဘယ်လို ပေးဆပ်ရမလဲ။

အကောင်းဆုံးကတော့ 
ကဗျာရေးတဲ့ လက်နဲ့  အဖြူရောင်စက္ကူပေါ်မှာ
အပြာရောင်စုတ်ချက်နဲ့  ငါ ကဗျာထဲက ထွက်သွားဖို့ ပါ။

                                                                  လင်းသူရိယနွယ်။

No comments: